ကွန်ဗျူတာနှင့် သက်ဆိုင်သော software

 

ကွန်ပျူတာ ပြုပြင်မှုဆိုင်ရာ စာအုပ်များ



Ċ A+ကွန်ပျူတာအကြောင်းအသးစိတ်သိစရာ(ဦးဇော်လင်း).pdf
View Download






Ċ A+၏နောက်ကွယ်(ဦးဇော်လင်း).pdf
View Download






Ċ CPUအပူထိန်းသိမ်းခြင်း(သံလုံငယ်).pdf
View Download






Ċ HardDiskသန့်ရှင်းရေး(သံလုံငယ်).pdf
View Download






Ċ InstallWin7.pdf
View Download






Ċ InstallWinVista.pdf
View Download






Ċ InstallWinXp.pdf
View Download






Ċ Laptopပြုပြင်နည်းနှင့်သိကောင်းစရာ(သန်းထိုက်).pdf
View Download






Ċ Window7(ကိုနေ).PDF
View Download






Ċ Windows7အသုံးပြုနည်းလက်ဆွဲ(ဦးအောင်လင်း).pdf
View Download






Ċ WinVistaအားမြန်စေရန်(သံလုံငယ်).pdf
View Download






Ċ WinXpအားမြန်စေရန်(သံလုံငယ်).pdf
View Download






Ċ ကွန်ပျူတာHardware(ရဲမာန်).pdf
View Download






Ċ ကွန်ပျူတာကိုအကောင်းဆုံးနှင့်အပိုင်နိုင်ဆုံးအသုံးပြုတက်စေရန်(ဦးအေးကိုကို)
View Download






Ċ ကွန်ပျူတာစတင်အသုံးပြုသူများအတွက်(မျိုးသူရ).pdf
View Download






Ċ ကွန်ပျူတာတစ်လုံးကိုကိုယ်တိုင်တည်ဆောက်ခြင်း.pdf
View Download






Ċ ကွန်ပျူတာတစ်လုံးတပ်ဆင်ရန်ရွှေးချယ်ခြင်း(သံလုံငယ်).pdf
View Download






Ċ ကွန်ပျူတာတစ်လုံးတပ်ဆင်ခြင်း(သံလုံငယ်).pdf
View Download






Ċ ကွန်ပျူတာမှပြသနာများဖြေရင်းနည်း(ဥာဏ်ကြွယ်).pdf
View Download






Ċ ကွန်ပျူတာပြုပြင်ရန်စဉ်းစားနိုင်သည့်အချက်များ(ကိုစံငြိမ်း).pdf
View Download






Ċ ကွန်ပျူတာလက်စွဲ.pdf
View Download






Ċ ကွန်ပျူတာသိပ္ပံမိတ်ဆက်(ကကကွန်).pdf
View Download






Ċ ကွန်ပျူတာအဆင့်တိုးမြင့်ခြင်းနှင့်ပြုပြင်ခြင်းနည်းပညာ(ဖိုးနိုင်ဝင်း).pdf
View Download






Ċ ကွန်ပျူတာရောဂါများနှင့်ကာကွယ်ဆေး(သန်းထိုက်).pdf
View Download






Ċ ဤစာအုပ်ကိုဖတ်ပြီးမှကွန်ပျူတာပြင်ပါ(ဦးဇော်လင်း).pdf
View Download

နဲ
ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. အခြား blog ကနေ့ ကိုးကားပြီး ပြန်တင်ပေးနေတာပါ သူငယ်ချင်းအတွက် လိုအပ်နေလို့ပါ...

 

အိုင်ကွန် လှလှလေးတွေနဲ့ အလှဆင်


မိမိရဲ့ ကွန်ပျူတာမှာ ရှိတဲ့ Folder တွေရဲ့ ပုံစံတွေက တော်တော်ကို တုံးနေပါပြီ။ ဒီတော့ Folder လေးတွေကို အမြင်တင့်တယ်ပြီး အများသဘောတွေ့စေဖို့ icon လေးတွေကို ဒီဝက်ဆိုက်က ယူနိုင်ပါတယ်။ Vista icon ကို ယူမလား၊ Cartoon icon ကို ယူမလား၊ Computer icon ကို ယူမလား၊ Desktop icon ကို ယူမလား လှပတဲ့ Icon မျိုးစုံကို ရယူနိုင်ပါတယ်။ ဒီဆိုက်ကို ညီလေး ကောင်းကင်ပြာ ဆီက ရရှိတာပါ။ ညီလေး ကောင်းကင်ပြာကိုလဲ ကျေးဇူးတင်ပါတယ်။ ၀က်ဆိုက်ကို ဒီက သွားရောက် လေ့လာနိုင်ပါတယ်။

Sony ဖုန်းဖြင့် Internet ချိတ်ခြင်း

Sony Ericsson ဖုန်း အင်တာနက်ကို ကွန်ပျူတာနဲ့ ချိတ်ဆက်သုံးချင်ရ အလွယ်ကူဆုံး နည်းလမ်းလေးကို ဖော်ပြပေးပါမယ်။ အောက်ပါအတိုင်း လုပ်ဆောင်ပါလေ။
အဆင့်(၁) easytether  ကို ဖုန်းထဲတွင် Install လုပ်ယူပါ။ USB ကို အမှန်ခြစ်ပေးထားပါ။
အဆင့်(၂) easytether ကို ကွန်ပျူတာတွင် Installl လုပ်ပါ။
အဆင့်(၃) ဖုန်းကို အင်တာနက် ဖွင့်ထားပြီး USB ဖြင့် ကွန်ပျူတာတွင် ချိတ်ဆက်ပါ။ ဖုန်းတွင် USB debugging ဖွင့်ထားရန် လိုသည်။
အဆင့်(၄) ဖုန်းနှင့် ကွန်ပျူတာ ချိတ်ဆက်ပါက ကွန်ပျူတာ Start bar တန်း ညာအောက်ဖက်တွင် easytether Icon လေး ပေါ်နေလိမ့်မည်။ နှိပ်လိုက်ပါက ဖုန်းနှင့် ချိတ်ဆက်ထားသော Connect Via Android (your phone name) ဆိုသော စာတန်းလေးကို နှိပ်ပေးပါ။
အဆင့်(၅) Mozilla Firefox ဖွင့်၍ အင်တာနက် သုံးစွဲနိုင်ပါပြီ။

မှတ်ချက်။  Android ဖုန်းတိုင်း အသုံးပြုနိုင်သည်။ 

Window 7 Genuine ပြဿနာ

အင်တာနက် ကွန်နက်ရှင်းက ဒီလထဲမှာ တော်တော်လေးပါတယ်။ ဘလော့ရေးဖို့လဲ ခက်ခဲတယ်။ ဒါပေမယ့် မေးမြန်းထားတဲ့ စာဖတ်သူများအတွက် ကြိုးစားပြီး ဖော်ပြလိုက်ပါတယ်။
Window 7 မှာ Genuine ပြဿနာ ဒါမှမဟုတ် ၀င်းဒိုးအတုလို့ ပြောတဲ့ ပြဿနာကို ဖြေရှင်းရန်အတွက် Window Loader လေးကို ဒေါင်းယူပါ။
ပြီးရင် Window Loader Rar ဖိုင်ကို ဖြည့်လိုက်ပြီး ဆော့ဝဲလ်လေးကို C: ထဲကို Past ချပြီး Run လိုက်ပါ။ ခဏနေပါက Box တစ်ခု ကျလာပါလိမ့်မယ်။ အဲဒီအခါ Install ကို နှိပ်ပြီး မိနစ်ပိုင်းမျှ စောင့်နေပါတယ်။ 
ခဏနေပါက Restart ချရန် မေးပါလိမ့်မယ်။ ချလိုက်ပါ။ window ပြန်တက်လာပါက OK သွားပါလိမ့်မယ်။

Zawgyi Font For Window 7 64 bit


တစ်နေ့သ၌ ကျွန်ုပ်ထံသို့ window 7 64 bit တွင် Gtalk မှာ ဇော်ဂျီ တင်မရ၊ သုံးမရသည့်ပြဿနာများကို မိတ်ဆွေ တော်တော်များများက မေးမြန်းလာကြ၏။ ကျွန်ုပ်ကိုယ်တိုင်သော်လည်းကောင်း၊ အကြံဥာဏ်ပေး သော်လည်းကောင်းဖြင့် ဖြေရှင်းလျက်ရှိလေ၏။

ဆိုဒ်တော်တော်များများတွင် ရေးသားနေ သည့်အတွက် ကျွန်ုပ်၏ ဘလော့တွင် ဖော်ပြခြင်း မရှိကြောင်း ရှင်းပြရလေ၏။ 
သို့သော် အားလုံး၏ အဆင်မပြေမှုကို အကြောင်းပြု၍ Window 7 64 bit တွင် ဇော်ဂျီပြဿနာအား အဆင်ပြေဆုံးဖြစ်စေရန် ဖော်ပြပါ၏။
အဆင့်(၁) 
စက်ထဲတွင် ဇော်ဂျီရှိ၍ သော်လည်းကောင်း (သို့) Install လုပ်ထားသော်လည်းကောင်း ယခု ဆော့ဝဲကို Run ၍ Install လုပ်ပြီး ဖျက်ပါ။
အဆင့်(၂)
ယခုပေးသော လင့်မှ ZawgyiL_amd64.msi ကို Install လုပ်ပါ။ 
Gtalk ၀င်ပြီး Setting တွင် ညာဘက်ရှိ Chane Font တွင် Zawgyi One ကို ရွေးပါ။

Android App

တစ်နေ့သ၌ ကျွန်ုပ်သည် ဘလော့ကို ပို့စ်များစွာ မတင်နိုင်သည့်သကာလ အွန်လိုင်းပေါ်သို့ ရောက်ရှိခိုက်  ထွေရာလေးပါး သတင်းများကို လိုက်လံ ဖတ်ရှုနေလေတော့၏။ ထို့အချိန်တွင် မိတ်ဆွေ မောင်ကျော်ကြီး ရောက်ရှိလို့လာပြီး
ဗျို့  . .  . ကိုစေတနာကြီး ပျောက်ချက်ကောင်းလှချည်းလား . . .
ဒီလိုပါပဲ မောင်ကျော် . . . 
သူများတွေ တစ်ဖုန်းထဲ ဖုန်းနေချိန်မှာ ကိုစေတနာကြီးက ဘာတွေ လုပ်နေတာလဲ . . .
ကိုယ်မှ ၀ယ်မကိုင်နိုင်တာ . . . မဖုန်းနိုင်ပါဘူး . . .
ကျနော့်ဖုန်းက Android ဖုန်းဗျ . . . ဆော့ဝဲလ်လေးများ ရှိရင် မစပါအုံး . . . 
အင်း ဖုန်းဆိုင်တွေနဲ့ သူများ ဆိုက်တွေက ရထားတာတွေတော့ ရှိတယ် .  . .  ယူသာသွားပါတော့ မောင်ကျော် . . .
1) မန္တလေး FM နားထောင်ချင်ရင် MDY-FM.apk
2) Software & Game တွေ ဒေါင်းချင်ရင် 1MobileMarket.apk
3) ဆော့ဝဲလ်တွေ ဖျက်ချင်ရင် Advanced_Task_Killer_1.9.3.apk
4) Viber လို သုံးချင်ရင် aire-android.apk
5) Explorer သုံးချင်ရင် AndExplorer.apk  
6) ဖုန်းအင်တာနက် အပိတ်အဖွင့်လုပ်ချင်ရင် APN Switch(3g ON-OFF).apk 
7) အမှိုက်တွေ ရှင်းချင်ရင် App Cache Cleaner.apk
8) ဆော့ဝဲလ်တွေ ပြန်ဖျက်ချင်ရင် AppRemover_1.3.3.apk
9) အသံနဲ့ ပတ်သက်ရင် AudioManager_2.1.6.apk
10) ဘထ္ထရီ အသုံးပြုမှု BatteryIndicatorPro.v3.0.0.apk
11) ဖုန်းဆက်တဲ့အသံတွေကို ဖမ်းချင်ရင် callrecorder pro.apk
12) အနှောင့်အယှက်ဖုန်းတွေကို မကြားချင်ရင်  Calls Blacklist PRO v1.05.apk
13) Social နဲ့ ပတ်သက်ရင် facebookimo TangoViberSkype
14) မြန်မာစာကီးဘုတ် FrozenKeyboard ၊  mmFontChangerLite
15) ဖုန်းဆက်/ခေါ်လာခဲ့တဲ့အခါ မြင်ကွင်းအပြည့်ပေါ် Full Screen Call ID-v8.2.1.apk
16) သတင်းတွေ မြေပုံတွေ GOthere-Myanmar-Beta5.apk
17) ကင်မရာ ရိုက်ချင်ရင် HDR Camera +.apk
18) လော့ချရင် ရေပုံစံ Liquid Face v2.4.0.apk
19) မြန်မာအဘိဓာန်  MyandroidDict.apk
20) အင်တာနက်ကြည့်ချင်ရင်  mozilla.firefox
21) Photoshop ဆိုရင် Photoshop.com Mobile (1.0.0).apk
22) သီချင်းနားထောင်ချင်ရင် RealPlayer_0.0.0.61_4102768.apk
23) Ring Tone တွေ လုပ်ချင်ရင် ringdroid_v2_1.apk
24) မြန်မာ-အင်္ဂလိပ် အဘိဓာန် shwebook_v2.0.apk
25) Root ချချင်ရင် z4root.1.3.0.apk      
အသုံးဝင်လိမ့်မည် ထင်သည့် Android ဆော့ဝဲလ်များကို မောင်ကျော် တစ်ယောက် ၀မ်းသာအားရ ယူဆောင်ပြီး ကျွန်ုပ်အား ပြုစုရန် Tea Shop သို့ ခေါ်ဆောင်လေတော့၏။


iCare Data Recovery

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ အင်မတန်ရင်းနှီးသော မိတ်ဆွေတစ်ဦး ရောက်ရှိလို့ လာလေ၏။ ရောက်လျှင် ရောက်ချင်း . . . .
ကိုစေတနာကြီး ကူညီပါအုံး . . . ကျွန်တော်ရဲ့ Recorder လေးထဲက ဖိုင်တွေကို ယူမရတော့လို့ပါ . . . အရေးကြီးတဲ့ အသံဖိုင်တွေ အများကြီးပါ . . . လုပ်ပါအုံး . . .
အင်း . . . ဖြစ်လိုက်ရင် အသည်းအသန်ပါလား . . . ကိုယ့်လူ . . . 
ကျွန်ုပ်လည်း ၎င်း၏ Recorder ကို Computer နှင့် ချိတ်ဆက်ကြည့်ရာ Format ချရန် err ပြလေ၏။ သို့နှင့် ကျွန်ုပ်လည်း Format လုပ်လိုက်လေ၏။ 
အာ . . . ကိုစေတနာကြီး . . . ဘယ်လိုလုပ်လိုက်တာလဲ . . ကျွန်တော် Data တွေ ကုန်ရောပေါ့ . . .
ဟဲ . .  ဟဲ . . 
ကျွန်ုပ်လည်း အားပါးတရ ရယ်မောမိပြီး
နေပါအုံး . . . ကိုယ်လူ့ရယ် . . . လာမှာပေါ့ 
ဟု ပြောဆိုပြီး ကျွန်ုပ်၏ စက်ထဲတွင် ရှိသော ပုံနှင့် အခြားဖိုင်များစွာကို ကောင်းစွာ ပြန်ယူနိုင်သော icare data recovery လေးဖြင့် ၎င်း၏ အသံဖိုင်များကို ယူပေးလိုက်လေတော့၏။ ထိုအခါမှ Data များကို မြင်နေရသော ကျွန်ုပ်၏ မိတ်ဆွေသည်လည်း  အပျော်ကြီး ပျော်ကာ ကျေးဇူးအထူးပင် တင်ရှိပြီး ပြန်သွားလေတော့သည်။

Excel Password ဖော်ယူမည်

တစ်နေ့သ၌ ကျွန်ုပ်အား Galk မှ မိတ်ဆွေတစ်ဦးသည် Microsoft Excel တွင် စာရိုက်ပြီး လုံခြုံရေးအတွက် Password ပေးမိကြောင်း၊ အဆိုပါ Password ကို မေ့နေသည့်အတွက် ပြန်လည်ဖော်ယူနိုင်သည့် နည်းလမ်းကို ကျွန်ုပ်အား မေးမြန်းလေ၏။

ကျွန်ုပ်လည်း ယခင် မိမိ၏ ဆိုဒ်တွင် တင်ခဲ့ဖူးသော Excel Password Recovery ကို ညွှန်းလိုက်မိသည်။ အဆိုပါ မိတ်ဆွေလည်း ဆော့ဝဲလ်ကို ဒေါင်းယူပြီး အင်စတောလုပ်ရာတွင် Full Version အဖြစ် သုံးရန် အခက်အခဲ ဖြစ်ပေါ်လေသည်။

ကျွန်ုပ်လည်း တင်ခဲ့သော ပို့စ်ကို ပြန်လည်ကြည့်မိရာ ကျွန်ုပ်၏ အားနည်းကို မြင်တွေ့ရသည်။ သေချာ ရှင်းလင်းအောင် မရေးခဲ့သည့်အတွက် အသုံးပြုလိုသည့် User များ အခက်အခဲကြုံရသည်ကို တွေ့ရ၏။ ထို့ကြောင့် တင်ခဲ့သောပို့စ်ဖြစ်သည့် ယခုအကြောင်းကို Full Version အဖြစ် သုံးနိုင်ရန် ပြန်လည် ရှင်းလင်း တင်ပြအပ်ပေသည်။

Excel Password Recovery ကို Download လုပ်ယူပါ။ Install လုပ်ပြီးပါက Register Name နှင့် Registration Key တို့ကို တောင်းပါလိမ့်မည်။ ဒေါင်းလုပ်လုပ်ယူရာတွင် ပါဝင်သည့် Keygen ကို Copy ယူ၍ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ထဲသို့ Past ချပါ။

ပြီးလျှင် Keygen ကို ဖွင့်ပါ။ Patch ကို နှိပ်ပါ။ ဖိုင်လမ်းကြောင်း မေးပါလိမ့်မည်။ Local Disk (C:) >> Program Files >> Intelore >> ExcelPasswordRecovery ကိုသွားပြီး ExcelPasswordRecovery ကို ရွေးပေးပါ။ Successful ဖြစ်သွားပါလိမ့်မည်။

ပြီးလျှင် Keygen ထဲမှ Key များကို Copy ယူ၍ Register Name နှင့် Registration Key ထဲသို့ ထည့်ပါ။ Register Name တွင် နှစ်သက်ရာ အမည်တစ်ခုခုကို ထည့်လိုက်ပါ။ ဒါဆိုလျှင် အိုကေသွားပါလိမ့်မည်။

ယခုဆော့ဝဲလ်သည် မည်သည့်အတိုင်းအတာထိ ဆောင်ရွက်နိုင်သည်ကို ကျွန်ုပ်ကိုယ်တိုင် မသိပါ။ အလွယ်တကူ ပေးသော Password များကို တော့ စမ်းဖူးပါသည်။ အဆင်ပြေလိမ့်မည်ဟု မျှော်လင့်ရင်း . . . .

Nokia ဖုန်းကို PC မှာ အင်တာနက်သုံးမယ်

တစ်နေ့သ၌ ကျွန်ုပ်သည် နှစ်သိန်းတန်ဖုန်း၏ ခေတ်စားမှုများ၊ ၎င်းဖုန်းများတွင် အင်တာနက် ချိတ်ဆက် အသုံးပြုနေမှုများ သတင်းတို့ကို အင်တာနက်ဂျာနယ်တွင် ပါရှိ၍နေလေရာ ဖတ်ရှုနေမိတော့သည်။

"ဗျို့ ကိုစေတနာ . . . . ခင်ဗျားမှာတော့ ဂျာနယ်လေး ဖတ်ပြီး အေးဆေးနေတာပေါ့လေ"
"ဟဲ . . . ဟဲ . . . ဒီလိုပါဘဲ. . . . မောင်ရင် ရောက်လာပုံထောက်ရင် ကိစ္စတော့ ရှိပြီး မဟုတ်လား . . . "
"သေချာတာပေါ့ဗျာ . . . သူများ အရှုးထလို့ လိုက်အရှုးထမိတာ အဆင်မပြေပါဘူး။ . . . . "
"ဘာတွေ အရှုးထပြန်တာလဲ . . . မောင်ရင်ရဲ့ . . . "
"အခု ကျွန်တော်က နှစ်သိန်းခွဲတန် WCDMA ၀ယ်ထားတယ်လေ။ ဒါ့အပြင် အင်တာနက်လိုင်းပါ ဖွင့်ထားတယ်။ ခက်တာက ကွန်ပျူတာနဲ့ ချိတ်သုံးချင်တာ . . . ဆိုင်သွားမေးတော့ အစ်ကိုတို့အမျိုးအစားကို ကျနော်တို့ မလုပ်တတ်ဘူး။ Android OS ဖုန်းတွေပဲ လုပ်တတ်တယ်တဲ့လေ။"

ဟား ဟား ဖြစ်ရမယ် . . . နို့ နေပါအုံး မောင်ရင်ရဲ့ ဖုန်းက ဘာအမျိုးအစားမို့လဲ . .. . .
အမျိုးအစားနဲ့ မော်ဒယ်က မနိမ့်ပါဘူး အစ်ကိုရာ . . . Nokia C2-02 ပါ . . .

ကျွန်ုပ်လည်း မောင်သိန်းဝင်း၏ ဖုန်းအား တစ်ခုချင်းစီ ကြည့်မိလေ၏။ ဖုန်းအတွင်းရှိ Apps များကို ကြည့်ရာ Nokia Ovi Suite ပါဝင်သည့်အတွက် အင်တာနက်လိုင်းကို ကွန်ပျူတာနှင့် အလွယ်တကူ ချိတ်ဆက်၍ ရ ကြောင်း ချက်ချင်း သိလေပြီး အောက်ပါအတိုင်း လုပ်ပေးလိုက်လေတော့သည်။


ဖုန်းတွင် လုပ်ဆောင်ရန်
(၁) Menu ကို သွားပါ။ Setting မှ တစ်ဆင့် Connectivity ကို သွားပါ။
(၂) USB Data Cable ကို ဖွင့်ပြီး Nokia Ovi Suite ကို ရွေးချယ်ပါ။


ကွန်ပျူတာတွင် လုပ်ဆောင်ရန်
(၁) Nokia Ovi Suite ဆော့ဝဲလ်ကို အင်စတောလုပ်ပါ။
(၂) ဖုန်းကို USB နဲ့ ချိတ်ဆက်ပါ။
(၃) အင်စတောလုပ်ပြီးပါက Nokia Ovi Suite ကို ဖွင့်လိုက်ပါ။
(၄) Tool တွင် Content to Internet ကို ရွေးလိုက်ပါ။ APN နှင့် Name တွင် mptnet ကို ဖြည့်ပါ။
(၅) ဖုန်းနှင့် ချိတ်ဆက်နေပါလိမ့်မည်။ ဖုန်းတွင်လည်း E စာလုံးတွင် ကွင်းလေးဝိုင်းနေပါလိမ့်မည်။
(၆) Mozilla Firefox တွင် Tool မှ Option ကို ဖွင့်။ Option Box တွင် Advanced မှ Network မှ Setting တွင် Auto dectect Proxy ကို ရွေးချယ်ပြီး Ok လုပ်ပါ။

Setting အား လုံး ပြုလုပ်ပြီးသောအခါ Google ဆိုသည့် စာမျက်နှာကြီးမှာ ဗွင်းဗွင်းကြီး ပေါ်လာလေတော့သည်။ ကဲ မောင်သိန်းဝင်း . . . မောင်ရင် လိုချင်တဲ့ အင်တာနက်ဆိုတာကြီး ပေါ်လာပြီးဆိုတော့ ကျေနပ်ပြီး မဟုတ်လား။

ဟား ဟား ကျေနပ်တယ်၊.... ကျေနပ်တယ် .. . ကိုစေတနာရေ ကျေးဇူးဗျာ။ ကိုစေတနာက  ဒီလိုမျိုးတွေပါ လုပ်တတ်လိမ့်မယ်လို့မထင်ခဲ့ဘူး။ ဟ ဟား ကျေးဇူးပဲဗျာ။ လာဗျာ Go to the Tea shop ။

အိမ်း ဖြစ်ရမယ်. . . တိုက်သူ ပြုစုသူ ရှိတော့လည်း လက်ခံရမှာပေါ့ ဟု ဆိုကာ နီးရာ လဘ္ကရည်ဆိုင်သို့ ထွက်ခဲ့လေတော့သည်။

Ubuntu နှင့် ဇော်ဂျီဖောင့်

တစ်နေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေကျော်ကြီး မောင်လွင် ရောက်ရှိလို့လာပြီး Ubuntu သုံးနည်းနှင့် ဇော်ဂျီဖောင့် သွင်းနည်းကို မေးမြန်းလေ၏။ 
"ဗျို့ . . . ကိုစေတနာ . .  ခင်ဗျားမလဲ အာအားရှိ အိမ်မှာပဲ ကုပ်နေတာကိုးဗျ . . . ဆိုင်လေးဘာလေး လာခဲ့ပါအုံးလား . . . "
"အိမ်း . . . လာချင်တာပေါ့ ကိုရင်ရာ  . . . စိတ်သာ ရှိပေမယ့် မလုပ်နိုင်တာတွေက များသလား . . ."
"ထားပါတော့လေ . . . သိချင်တာရှိလို့ ရောက်လာခဲ့တာ . . . "
"သိပ်သိသပေါ့ ကိုရင် . . . လာတိုင်း သိချင်တာပဲ မေးပြန်သွားတာပဲဟာ . . ."
"ဟ ဟား . . ဟုတ်ပါရဲ့ . . . ဒီလိုပါ . . . Ubuntu က ခေတ်စားနေတာ အချိန်အတော်ကြပြီပေါ့ . . . နို့ပေမယ့် ကျွန်တော်အနေနဲ့ ကကြီးရေကတောင် မသိဘူး ဖြစ်နေလေရဲ့ . . . ဒါကြောင့် ကိုစေတနာတော့ သိကောင်းရဲ့ဆိုပြီး ထွက်လာခဲ့တာပဲဗျာ . . .
" အင်း  . . . အထင်လဲ တယ်ကြီးသကိုး . . . . ကဲလေ ပေရှည်ပြီး ပြောမနေတော့ပါဘူး။ www.ubuntu.com ဆိုဒ်မှာ Ubuntu ကို သာ ဒေါင်းယူလိုက်။ ပြီးရင် Ubuntu OS ကို Install လုပ်။
Ubuntu မှာ ဇော်ဂျီ ဖောင့်တင်ဖို့ ဇော်ဂျီဖောင့်ကီးဘုတ်ကို ဒေါင်းယူ။ ဇော်ဂျီဖောင့် သွင်းနည်းစာအုပ်ကို ကြည့်ပြီးလုပ်။ 
စာအုပ်ဖတ်ကြည့်ပါအုံး . . . . ရှင်းသလားဆိုတာ ဟု မေးမြန်းရာ မောင်လွင်လည်း စာအုပ်ကို ဖတ်ကြည့်၍ ရှင်းလင်းကြောင်း၊ လုပ်ကြည့်မည်ဟု ပြောကြားပြီး ပြန်သွားလေတော့၏။
  

Recycle Virus နှင့် ခဏတာ

ကျွန်ုပ်သည် အွန်လိုင်းပေါ်တက်ရန် ခက်ခဲခြင်း၊ အလုပ်ဖြင့် ခရီးထွက်ရခြင်းများကြောင့် အွန်လိုင်းပေါ်သို့ မရောက်သည်မှာပင် ကြာညောင်းခဲ့ပြီ။ အချိန်ပြည့် ပို့စ်တင်ချင်ပေမယ့် အခက်အခဲက များလှ၏။

အလုပ်တာဝန်တစ်ခုဖြင့် ရန်ကုန်သို့ ခေတ္တခဏ ရောက်ခိုက်တွင် ကျွန်ုပ်နှင့် အတူတူ ခရီးသွားဖော် မောင်လွင်၏ Flash Drive တွင် Recycle Virus ၀င်ရောက်နေသဖြင့် ကျွန်ုပ်အား ပြသလေ၏။ Flash Drive ကို ကွန်ပျူတာတွင် ဖွင့်ကြည့်ရာ Recycler Folder နှင့် Shortcut ဖိုင် သုံးခုကို တွေ့ရလေ၏။ ၎င်းဗိုင်းရပ်စ်သည် Flash Drive ကို သုံးမရအောင် ဖျက်ဆီးနိုင်ကြောင်း ကျွန်ုပ်မှ ပြောပြရာ မောင်လွင်သည် တော်တော် တုန်လှုပ်သွားခဲ့၏။


ကျွန်ုပ်အသုံးပြုနေသည့် ကွန်ပျူတာတွင် Anti Virus မရှိသည်ဖြစ်ရာ အထူးအရေးပေါ် Free Software တစ်ခုဖြစ်သော Microsoft Security Essentials တွေးမိ၍ အင်တာနက်မှ Download ဆွဲပြီး Recycler Virus ကို အမြစ်ပြတ် တိုက်ဖျက်လိုက်လေ၏။ ၎င်း ဆော့ဝဲလ်ဖြင့် Scan စစ်ပြီးချိန်တွင် Flash Drive တွင် ရှိနေသော Recycler Virus သည် Folder တစ်ခု အနေဖြင့်သာ ရှိနေလေတော့၏။ ထို့နောက် အလွယ်တကူပင် ၎င်း Folder ကို Delete လုပ်လိုက်တော့သည်။

Microsoft Security Essentials သည် Microsoft မှ Free ပေးထားပြီး Virus တော်တော်များများကို ရှင်းထုတ်နိုင်လေ၏။ ကိစ္စအားလုံးပြီးစီးသည်နှင့် Flash Drive ကို ကျွန်ုပ်၏ မိတ်ဆွေ မောင်လွင် လက်ထဲသို့ အကောင်းပကတိ ပြန်လည်အပ်နှံရာ ကျေးဇူးအထူးတင်သဖြင့် မနက်စာကို ဒကာခံ ကျွေးမွေးသွားတော့သည်။

USB Port တွေ Permit ပိတ်ခြင်း

တနေ့သ၌ ကျွန်ုပ်ထံသို့ မိတ်ဆွေကျော် ကိုလင်းမောင် တစ်ဦး ရောက်ရှိလာလေပြီး ၎င်း၏ ကွန်ပျူတာသည် ဗိုင်းရပ်အန္တရာယ်ကို အမြဲကြုံတွေ့ရကြောင်း၊ ဗိုင်းရပ် ရှင်းပြီးလျှင်လည်း သားငယ်သမီးငယ်များ၏ USB Stick တွင် ပါလာသော ဗိုင်းရပ်များကြာင့် ကွန်ပျူတာထဲသို့ ပြန်လည်ရောက်ရှိကြောင်းဖြင့် ငြီးတွားပြောဆိုလေ၏
ကျွန်ုပ်လည်း ဒီလောက် စိတ်မပျက်ပါနဲ့ ကိုလင်းမောင်။ USB Stick ကြောင့် ဗိုင်းရပ်ဝင်တယ်ဆိုရင် USB ပေါက်တွေကို ပိတ်လိုက်ပေါ့။ ဒါဆို ၀င်စရာအပေါက် မရှိတော့ဘူးပေါ့။ မဟုတ်ဘူးလားဟု ပြောဆိုလေသည်။ 
ကိုလင်းမောင် တစ်ယောက် ခေါင်းကုတ်လျက် မနောက်ပါနဲ့ ကိုစေတနာရယ်။ အပေါက်ကို တိတ်နဲ့ပိတ်ရုံနဲ့ ရမလား။ 

ဟား . . . ဟား . . . ကျွန်ုပ်က တိတ်နဲ့ ပိတ်ပါလို့ မဆိုပါလား။ ကဲ ရော့ ဒီဆော့ဝဲလ်လေး ယူသွား။ USB Port Lock က ခင်ဗျားစက်မှာ ရှိနေတဲ့ USB အပေါက်တွေကို ပိတ်ပေးလိမ့်မယ်။ အယ် ဒီလိုဆိုလို့ Mouse တို့ Keyboard တို့ တပ်ထားတဲ့ USB ပေါက်တွေကတော့ သူ့ဟာသူ အလုပ်လုပ်နေ လိမ့်မယ်။ ရှေ့တွေ နောက်တွေမှာ ရှိတဲ့ USB ပေါက်တွေ Permit ပိတ်နေလိမ့်မယ်။ 
ဒါဆို ကျွန်တော့် သားသမီးတွေ Stick သုံးရင် ကျွန်တော့်စက်မှာ အလုပ်မလုပ်တော့ဘူးပေါ့။ ဒါဆို သုံးနည်းလေးတော့ ချီးမြှင့်ပါအုံးဟုမေးလေသည်။ 
သုံးနည်းကတော့ USB Port Locked Not With a Password ကတော့ Password နဲ့ သုံးတာ မဟုတ်ဘူး။ သူ့ကို ဖွင့်လိုက်ရုံပဲ။ Install လုပ်စရာ မလိုဘူး။ ဖွင့်လိုက်တာနဲ့ Lock USB Ports ကို နှိပ်လိုက်။ ပြီးရင် Ok ကို နှိပ်။ Exit လုပ်လိုက်။ ဒါပဲ။ 
Password နဲ့ သုံးချင်ရင်တော့ USB Port Locked With Password ကိုသုံး။ Password ကတော့ Unlock ဖြစ်တယ်။ U အကြီးဆိုတာ သတိတော့ထားအုံးဟု ဖြေကြားလေ၏။
ကောင်းလိုက်တာဗျာ။ ကြိုက်သွားပြီး အရှုပ်အရှင်းလဲ မဟုတ်ဘူး။ ရှင်းရှင်းလေး သုံးလို့ရတယ်။ ဒါနဲ့ ဒါက Free လားဗျ ဟု မေးလေရာ ကျွန်ုပ်လည်း အောင်မြင်သူ မျက်နှာမျိုးဖြင့် ပြုံးပြုံးကြီး ခေါင်းညိတ်လိုက်လေ၏။

Freemake Video Convertor

တစ်နေ့သ၌ ကျွန်ုပ်သည် အွန်လိုင်းသို့ မရောက်ဖြစ်သည်မှာ ကြာပြီ ဖြစ်သဖြင့် အခွင့်သာတုန်း Cyber Cafe သို့ ထွက်ခဲ့လေသည်။ ထုံးစံအတိုင်း Cyber တွင် Coffee တစ်ခွက်မှာသောက်၍ အင်တာနှေး . . . အယ်လေ အင်တာနက် အွန်လိုင်းပေါ်သို့ ရောက်ခဲ့လေ၏။

မောင်စေတနာ ဘလော့ကို ကြည့်မိလေရာ Cbox တွင် တောင်းဆိုချက်များ၊ ဝေဖန်ချက်များကို များပြားစွာ တွေ့ရလေပြီး သကာလ သွေးတက်သွားလေ၏။ ကျွန်ုပ်အနေဖြင့် တောင်းဆိုချက်များကို စွမ်းဆောင်နိုင် ဖွယ် မရှိသည်မှာ ကြာလှလေပြီ။ စိတ်သာ ရှိသော်လည်း သမုဒ္ဒရာ ၀မ်းတစ်ထွာကြောင့် ဘလော့ဘက် မလှည့်ဖြစ်ပေ။ အင်တာနက် ပိတ်ဆို့မှုကလည်း ရှိနေသေးသည်။ ဘလော့ကို ၀င်ဖို့ ခက်သေး၏။

တောင်းဆိုချက်များကို မမြင်မျက်ကွယ်ပြုမိ၍ Coffee ကိုသာ ဇိမ်ခံ သောက်နေလေ၏။ ထိုအချိန်တွင် ကျွန်ုပ်၏ မိတ်ဆွေကျော်ကြီး ရောက်လာပြီး

ဗျို့ . . . ကိုစေတနာ . . ငြိမ့်လှချည်းလားဗျ . .။
ဟော့ . . . လာဗျာ . .။ စိတ်ဓာတ်ကျနေတာဗျ . . . ။
ဟေ့ . . . ဘာတွေများလဲဗျ . . . . ကျွန်တော် တောင် အကူအညီတစ်ခု တောင်းမလို့ဟာ။
အင်း . . . အဲဒီအကူအညီတွေကြောင့်ပဲ စိတ်ဓာတ်ကျနေတာ . . . ပြောစမ်းပါအုံး . . . ဘာလုပ်ပေးရမှာလဲ။
Video Cuter လေးတစ်ခုလောက် လိုချင်လို့ဗျာ။ အိမ်မှာ ရိုက်ထားတဲ့ ဗီဒီယိုမှာ မလိုတာလေးတွေ ဖျက်ချင်လို့။

အင်း . . . ဒီလောက်ကတော့ လုပ်ပေးနိုင်ပါတယ်။ လွယ်လွယ်နဲ့ ဖျက်လို့ရတာတွေတော့ ရှိပါရဲ့။ Window XP မှာဆိုရင် Window Movie Maker မှာလဲ လုပ်လို့ရတယ်။ ဒီထက် လွယ်တာလေးဖြစ်တဲ့ Freemake ဆိုတဲ့ ဆော့ဝဲလ်လေး တစ်ခုပေးမယ်။ သုံးကြည့်တာတော့ တော်တော်ကောင်းတယ်။


ထုံးစံအတိုင်း ကျွန်ုပ်လည်း အချစ်တော် Google ကြီးဖွင့်၍ ရှာဖွေလိုက်လေရာ အလွယ်တကူ တွေ့လေသည်။ အားသာချက်များကို ပြောပြလိုက်လေ၏

၁) Freemake သည် free version ဖြစ်သည်။
၂) Cut, Join, Rotate, Limit size, Adjust to aspect ratio တို့ လုပ်နိုင်၏။
၃) AVI, WMV, MP4, MKV, FLV, SWF, 3GP, MP3 အဖြစ် Convert လုပ်နိုင်၏။
၎) Convert Free to iPod, iPhone, iPad, PSP, PS3, Android တို့ကိုလည်း Convert လုပ်နိုင်၏။

လက်တွေ့လုပ်ဆောင်ချက်များဖြင့် ရှင်းပြလိုက်လေရာ ကျွန်ုပ်၏ မိတ်ဆွေကျော်ကြီးလည်း နားလည် သဘောပေါက်ပြီး အကျေနပ်ကြီး ကျေနပ်ကာ Coffee ကျသင့်ငွေ ရှင်း၍ ပြန်သွားလေတော့သည်။

IDM 6.01 Cheer


အင်တာနက် Connection နှေးကွေးနေလဲ မိမိတို့ရဲ့ အချစ်တော်ကြီး စွမ်းအားရှင် IDM ကတော့ စွမ်းဆောင်နိုင်ပါတယ်။ အခုဆို Version 6.01 တောင် ဖြစ်လာပါပြီ။ သုံးစွဲဖူးသူတိုင်း သိမှာပါ။ မည်သူမှ လက်မလွှတ်နိုင်ပါဘူး။ ဘလော့တိုင်းမှာ ဖော်ပြနေပေမယ့် မိမိအတွက် မှတ်တမ်းအနေနဲ့ ရေးသားခြင်း ဖြစ်ပါတယ်။ လိုအပ်သူများ ဒီတွင် Download လုပ်ယူပါ။

System Care

ကွန်ပျူတာ သုံးစွဲသူတိုင်း မိမိတို့ရဲ့ စက်ကောင်းမွန် မြန်ဆန်ရေးကို နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် နေကြရပါတယ်။ ဒီလို လုပ်ဆောင်ရာမှာလဲ ဆော့ဝဲလ်ပေါင်းစုံ၊ နည်းလမ်းပေါင်းစုံနဲ့ စမ်းသပ်လုပ်ဆောင် နေကြပါတယ်။ အဆင်ပြေပြီး ကောင်းမွန် လွယ်ကူတဲ့ Free Software လေးတစ်ခု ဖော်ပြချင်ပါတယ်။


Advanced System Care Software လေးက Window System ကို ထိန်းသိမ်းဖို့ ကောင်းမွန်လှပါတယ်။ ပိုက်ဆံ မကုန် အဆင်ပြေစေပါတယ်။ Window ကို ပြုပြင်မလား၊ System ရဲ့ ချို့ယွင်းချက်တွေကို လုပ်ဆောင်ပေးတဲ့အပြင် spyware removal, registry fix, privacy, disk defragment, security analyzer စတာတွေကိုလည်း Scan လုပ်ပြီး ဖြေရှင်းပေးပါတယ်။

ဒါ့အပြင် Utilities မှာ Disk Cleaner, Disk Doctor, File Shredder, Game Booster, Internet Booster .... စသဖြင့် များစွာ ပါဝင်ပါတယ်။ Auto Shutdown, Cloned Files Finder ... များစွာ ပါဝင်ပါတယ်။ စက်တိုင်းမှာ မရှိမဖြစ် ဆောင်ထားသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Google Earth

Google Map မှာ အသစ်တိုးပြီး လုပ်ဆောင်ထားတာကတော့ 3D earth ပါ။ Google Earth Pro ဆော့ဝဲလ်နဲ့ ကြည့်စရာ မလိုတော့ပဲ Google ကနေ တိုက်ရိုက်ကြည့်နိုင်အောင် ဆောင်ရွက်ပေးထားပါတယ်။ လွယ်ကူတဲ့ နည်းလမ်း တစ်ခု ဖြစ်ပါတယ်။


စိတ်ဝင်စားတယ်ဆိုရင်တော့ Google Earth Plugin လေးကို ဦးစွာ Install လုပ်ပါ။ IE မှာ မိမိတို့ သုံးနေတဲ့ Proxy ကို မှန်ကန်အောင် ထည့်ထားရပါမယ်။ တစ်ချို့က Mozilla သုံးတဲ့အတွက် IE မှာ Proxy မထည့်ထားတာများ တွေ့ရပါတယ်။

ပြီးလျှင် www.google.com ကို ဖွင့်။ Maps ကို ရွေးချယ်ရပါတယ်။ ညာဘက်အစွန်းတွင် Earth ဆိုတာ ရှိပါတယ်။ နိုပ်လိုက်ရင် Google Earth 3D မြင်ကွင်းကို ကြည့်ရှုနိုင်ပါပြီ။

Defragment လုပ်ဖို့ လိုတယ်

အလုပ်မအားတဲ့ အချိန်က များနေတော့ ဘလော့ပေါ်ကို မရောက်ဖြစ်တာ ကြာပါပြီ။ ရေးစရာတွေ များနေပေမယ့် ဘယ်က စရေးရမှန်း မသိအောင်ကို ခေါင်းတွေလဲ ချာချာလည်နေပါပြီ။ အခု ကြုံတုန်းလေးမို့ ကွန်ပျူတာ သုံးစွဲရာမှာ ပေါ့ပါးစေတဲ့ ဆော့ဝဲလ်လေးကို ဖော်ပြပေးလိုက်ပါတယ်။

စာရိုက်အသုံးများတဲ့စက်၊ ဖိုင်တွေ ဟိုပို့ဒီပို့ လုပ်တဲ့စက်၊ ဆော့ဝဲလ်ပေါင်းများစွာနဲ့ အလုပ်ရှုပ်နေတဲ့ စက်တွေအတွက် Defragment က လုပ်ကို လုပ်ရမယ့် အရာလေးတစ်ခုပါ။ Window မှာ ပါတယ်ဆိုပေမယ့် သုံးစွဲရတာ ထိရောက်မှု မရှိဘူးလို့ ထင်ပါတယ်။ Defragment သုံးစွဲလို့ ကောင်းတဲ့ Tuneup Software လဲ မိမိဆိုဒ်မှာ ဖော်ပြပေးပြီး ဖြစ်ပါတယ်။



အခု ဖော်ပြပေးတဲ့ ဆော့ဝဲလ်ကလဲ Defragment Software လေးတစ်ခုပါပဲ။ free version ဖြစ်ပြီး ဆိုဒ်က 1 M တောင် မပြည့်ပါဘူး။ သုံးစွဲရမှုလဲ လွယ်ကူတဲ့အတွက် ဖော်ပြပေးလိုက်ပါတယ်။ အသုံးဝင်တဲ့ ဆော့ဝဲလ်လေး တစ်ခု ဖြစ်တဲ့အတွက် မဖြစ်မနေ သုံးစွဲသင့်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။

Drive A ကနေ Z အထိ ပိတ်မယ်

ဒီဆော့ဝဲလ်က မိမိမှာ ရှိနေတာ ကြာပြီ။ ဆိုင်ကနေ (၅၀၀)နဲ့ ၀ယ်ထားတာ။ ဟီး။ မိမိအတွက် သိပ်အသုံးမ၀င်တာနဲ့ စာဖတ်သူတွေကိုလဲ မေ့နေတာ။ ဟိုတစ်နေ့က ညီလေးတစ်ယောက်က အွန်လိုင်းဆိုင်မှာ တစ်ချို့ User တွေက ဆော့ဝဲလ်တွေ သွင်းလိုက်၊ ဖျက်လိုက် လုပ်သွားလို့ ကာကွယ်တဲ့နည်း ပေးပါဆိုလို့ ဖော်ပြပေးလိုက်ပါတယ်။

ဒီဆော့ဝဲလ်သုံးမယ်ဆိုရင် သူရဲ့ လုပ်ဆောင်ချက်တွေကို သိအောင် ရှင်းလင်းပြမယ်။
(၁) Drive A ကနေ Z အထိ Hide, Lock, Disallow Autorun စတာတွေ လုပ်လို့ရတယ်။
(၂) HDDs, Floppy, CD/DVD, RAM Disks စတာတွေကိုလဲ Disallow Autorun လုပ်လို့ရတယ်။

ဥပမာ- မိမိတို့ စက်ရဲ့ Data (D:) ကို ဖျောက်ထားတာတို့၊ Lock ချမယ်ဆိုရင် Password ပေးပြီး Security လုပ်ထားလို့ရတာပေါ့။ နောက်ပြီး CD/DVD တွေ၊ HDD တွေ ကိုလဲ ပိတ်ထားလို့ ရပါတယ်။ ဒါဆိုရင် အတိုင်းအတာ တစ်ခုထိ ကာကွယ်လို့ ရသွားပြီပေါ့။ ဒီမှာ Download ယူ။ အဆင်ပြေပါစေ။

Window Movie Maker

Window 7 ကို စတင်ပြီးကတည်းက မိမိသုံးနေကျ Window Movie Maker ကို ရှာကြည့်တာ မတွေ့ရဘူး။ ကိုယ်ကလဲ ဒါပဲ သုံးရတာ လွယ်ကူပြီး ရိုးရှင်းတော့ သုံးချင်တာ။ ဒါနဲ့ အလုပ်များတာနဲ့ မေ့နေခဲ့တယ်။ ဟိုတစ်နေ့ကမှ စိတ်ကူးရလို့ အင်တာနက်မှာ ပြန်ရှာတာ ရလာတယ်။


ယူပြီး သုံးကြည့်တာ အိုကေတယ်။ ဓါတ်ပုံနဲ့ VCD ကို လုပ်ကြည့်တာ ကောင်းတယ်။ အဆင်ပြေမှပဲ လိုတာလေး တစ်ခုရလို့ သက်ပြင်းချနိုင်တယ်။ ဟီး။ စာဖတ်သူတွေထဲက Window 7 သုံးပြီး Window Movie Maker လိုအပ်တယ်ဆိုရင်တော့ ဒီလင့်အတိုင်းသာ သွားယူပေးတော့။

Memory Card Recovery

ဒီရက်ပိုင်းက အလုပ်တော်တော်များတယ်။ ဘလော့ဘက်တောင် လှည့်မကြည့်နိုင်ဘူး။ အလုပ်ပြီးရင်း အလုပ်ဖြစ်နေတယ်။ ဟိုတစ်နေ့က မိတ်ဆွေ ဓါတ်ပုံဆရာတစ်ယောက် မိမိဆီ ရောက်လာတယ်။ သူကဒ်ထဲကဟာ တွေ Format ချလိုက်တာ ပြန်လိုချင်လို့တဲ့။ လုပ်ပေးပါတဲ့လေ။

ဒါနဲ့ မိမိမှာ ရှိတဲ့ Recovery Software တွေနဲ့ ပြန်ရှာပေးတာပေါ့။ တွေ့တယ် တော်တော်များများကို။ ဒါပေမယ့် သူလိုချင်တဲ့ ဖိုင်တွေ မတွေ့သေးဘူးလို့ ပြောတယ်။ မိမိလဲ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ ဒါနဲ့ ထုံးစံအတိုင်း Google ကို အားကိုးရတော့တယ်။

တွေ့ပါရဲ့။ English ဆိုဒ်တစ်ခုက။ ရှားရှားပါးပါး အဲဒီဆိုဒ်ကလဲ ဒီဆော့ဝဲလ်လေးတစ်ခုထဲကို ဖော်ပြထားတယ်။ ကျန်တာက အာလာပ သလပတွေ များတယ်။ ယူကြည့်လိုက်တယ်။ သုံးကြည့်တော့ Memory Card ထဲက ပုံတွေ အကုန်ပေါ်တော့တယ်။ ဟူး . . . . သက်ပြင်းချနိုင်ပြီ။

စာဖတ်သူများ အားလုံး အသုံးလိုရင်သုံးဖို့ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာသာ Download ပေးတော့။ မိမိကတော့ မောသွားပြီ။ အဆင်ပြေပါစေ။
 
 

No comments:

Post a Comment