Thursday, December 1, 2011

ပြည်တွင်းသတင်း


ဟင်းရှာထွက်သူ ရွာသား(၄)ဦး အစိုးရစစ်တပ်ပစ်ခတ်ခံရ
KSWDC ဇူလိုင်လ(၂၅)ရက်နေ့
ပြည်တွင်းသို့ ဟင်းထွက်ရှာရာမှ ပြန်လာသော စခန်း(၁)ဒုကျှသည် စခန်းနေရွာသား(၄)ဦးအား အစိုးရတပ်ပစ်ခတ်ခဲ့ရာ ရွာသားတစ်ဦး သေဆုံးသွားကြောင်း ဒေသ သတင်းများအရသိရှိရသည်။
.
၁၇.၇.၂ဝ၁၁ရက်နေ့ စခန်း(၁)ရပ်ကွက်(၄)တွင် နေထိုင်သူ ဦးရယ်(၃၉)နှစ်၊တုရယ်(၂၉)နှစ်၊ စူးရယ်(၃၈)နှစ်နှင့် နဲရယ်(၃၇)နှစ်တို့သည် နယ်စပ်ဖြတ်ကျော်၍  ပြည်တွင်းရှိတောတောင် ချောင်းမြောင်းများထဲတွင် သား၊ ငါး ဟင်းရှာ ထွက်ရာမှ ပြန်လာစဉ် နော်ကော်ကီ(တောင်ကတုံး) လောင်ပလော့အရောက်တွင် အစိုးရတပ် ခလရ (၅၄) တိုက်ကင်းထွက် အဖွဲ့တစ်ဖွဲ့နှင့် တိုးမိရာမှ ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။ ပစ်ခတ်မှုတွင် ဦးရယ်မှ လေးလံသော ဘက္ထရီကို သယ်ဆောင်ရင်း နောက်ဆုံးတွင် ပြန်လာခဲ့သဖြင့် ကျည်ဆံများထိမှန်ကာ ကျန်ရစ်ခဲ့ကြောင်း သိရှိရပါသည်၊ လွတ်မြောက်လာသူ(၃)ဦးမှ စူးရယ်၏ပြောပြချက်အရ“ နအဖတပ်က ကျနော်တို့သေချာတွေ့တယ်။ ကျနော်တို့ရွာသားမှန်း သူတို့သိတယ် သေနပ်ဆိုလို တူးမီး(၂)လက်ပဲပါပါတယ်။ ကျနော်တို့(၃)ယောက်ကျော်သွားပြီးမှ ပစ်ခတ်တာဖြစ်တယ်။ ဦးရယ်က နောက်ဆုံးသွားပါတယ်။ ပစ်ခတ်ခံသော ကျနော်တို့ပြေးကြတယ် သူ့ကိုမတွေ့တော့ဘူး သေတယ်ရှင်တယ် ဆိုတာ မသိတော့ဘူး” ဟု ပြန်ပြောပြပါသည်၊ တွေ့ဆုံမေးမြန်းချိန်ထိ ဦးရယ်မှာ ပြန်လည်ရောက်ရှိလာခြင်း မရှိသေးသဖြင့် အသက်သေဆုံးပြီ သို့မဟုတ် အစိုးရတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားပြီးဟု အများက သုံးသပ်လျက်ရှိသည်။
            “အကယ်၍ ဦးရယ်ထွက်ပြေးလွတ်မြောက်မယ်ဆိုရင်လည်း ဒီအချိန်ဆို ပြန်ရောက်သင့်ပါပြီ သူ့မှာ ရိက္ခာဘာမှ မပါတော့ဘူး ဒီအချိန်မှ ပြန်မရောက်ရင်တော့ တစ်ခုခုဖြစ်ပြီဆိုတာ သေချာတယ်” ဟု လွတ်မြောက်လာသူထဲမှ တုရယ်က ဆက်လက်ရှင်းပြပါသည်။
            ကျန်ရစ်သူ ဦးရယ်အား ပြန်လည်ရှာဖွေကယ်တင်ရန် လွတ်မြောက်လာသူများ စီစဉ်ခဲ့သော်လည်း နောက်ထပ် ပြန်လာသည့် တောလည်ပြန်သူ အခြားအဖွဲ့တစ်ဖွဲ့၏ ပြောပြချက်အရ ပစ်ခတ်ခံရသည့်နေရာတွင် လူသေအလောင်း. အပုတ်နံ့ဆိုးရွားစွာအနံ့ထွက်နေလျက်ရှိကြောင်း ဦးရယ်သေဆုံးသည်မှာ သေချာပြီဖြစ်ကြောင်းပြောပြသဖြင့် အစီအစဉ် မဖြစ်မြောက်ခဲ့ပေ။ ဦးရယ်တွင် ဇနီးသည် ဌေးမယ်နှင့်အတူ သမီး(၂)ဦး ကျန်ရစ်လျက်ရှိကြောင်း သိရှိရသည်၊
            အလားတူ ၂ဝ၁ဝခုနှစ်။ ဧပြီလ(၂ဝ)ရက်နေ့တွင် ပြည်တွင်းသို့ တောလည်ထွက်ရင်း ပြန်လာသော ဒုက္ခသည် စခန်း(၁) ရပ်ကွက်(၁၃)ရက်နေ့ ဖရဲရယ်သည်လည်း ယင်းနေရာအနီးတွင်ပင် အစိုးရတပ်. ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရပြီး ဖြစ်သည်။ ကရင်နီပြည်ထဲရေးဌာနမှ ပြည်တွင်းသို့တောလည်ထွက်ခြင်း သား၊ငါးရှာဖွေထွက်ခြင်းများကို ပိတ်ပင်ထား သော်လည်း ဒုကျှသည်စခန်းတွင်းတွင် စားဝတ်နေရေးအခက်အခဲများကြောင့် ဤကဲ့သို့တရားမဝင် သွားလာမှုပြုကာ အစိုးရ တပ်. ပစ်ခတ်မှုနှင့်မကြာခဏကြုံတွေ့ခဲ့ရပြီး အသက်သေဆုံးမှုများလည်း များစွာရှိခဲ့ပြီးဖြစ်သည်။

No comments:

Post a Comment