KNPP နှင့် ကရင်နီ ငြိမ်းချမ်းရေး အဖွဲ့များ တွေ့ဆုံ
Created on Friday, 09 March 2012 16:38
Hits: 1012

“တပ်ပိုင်းဆိုင်ရာ အချက်အလက် ဆွေးနွေးဖို့ ၊ နောက်ပြီးတော့မှ ကျနော်တို့ ကော်မတီမှာ လူတွေ စေလွတ်ဖို့ ၊ နောက်ပြီးတော့ လူထု နှီးနှောဖလှယ်ပွဲတွေမှာ အတူတူ ပူးပေါင်းပြီး လုပ်ဖို့ အဲလိုမျိုး ဆုံးဖြတ်ချက်တွေ ချသွားတယ်” ဟု ၎င်းက ပြောသည်။
တွေ့ဆုံပွဲသို့ KNPP အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ် ၁၁ ဦး၊ ကလလတမှ ဒုဥက္ကဌ ဦးထွန်းကျော်၊ အတွင်းရေးမှူး ၁ ဦးရွှေဝါ၊ အတွင်းရေးမှူး ၂ ဦးမန်းသက်ဖောနှင့် အဖွဲ့ဝင် ဦးချစ်ချစ်ထွန်း၊ ကြယ်ဖြူမှ ဥက္ကဌ ဗိုလ်မှူး ရီးချက်လ် (ထူးကာရီ)နှင့် အတွင်းရေးမှူး မူးဒီနှင့် KNPP ဟိုယာဒေသ (ငြိမ်းချမ်းရေး အဖွဲ့)မှ ဥက္ကဌ ဒေးမူနှင့် စီးပွားရေး တာဝန်ခံ ညွန့်မောင်တို့ တက်ရောက်ခဲ့ကြသည်။
ထို့အပြင် ၈ ရက်နေ့ ညနေပိုင်းတွင် ကေအဲန်ပီပီက ကရင်နီလူငယ်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး ကေအဲန်ပီပီမှ မိမိသဘောထားနှင့် လူငယ်အဖွဲ့မှ မိမိထင်မြင်ယူဆချက်ကို အချင်းချင်း တင်ပြခဲ့ကြသည်ဟု ကရင်နီလူငယ်အဖွဲ့က ပြောသည်။
ကလလတသည် KNPP မှ ၁၉၇၈ ခုနှစ်တွင် ခွဲထွက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်။ KNPP ဟိုယာဒေသ (ငြိမ်းချမ်းရေး အဖွဲ့)သည် KNPP မှ ၁၉၉၉ ခုနှစ်တွင်လည်းကောင်း၊ KNSO သည် KNPP မှ ၂၀၀၂ ခုနှတွင်လည်းကောင်း ခွဲထွက်ခဲ့ပြီး စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ရယူခဲ့ကြသည်။

No comments:
Post a Comment