Saturday, December 3, 2011

ကောက်ပဲသီးနှံများကို(၄)ရက်အပြီး ရိတ်သိမ်းကြ

KSWDC
၂ဝ၁၁ခုနှစ်၊ နိုဝင်ဘာလ(၂ဝ)ရက်
ဖရူဆိုမြို့နယ် လောဂျာခူနှင့်ဒေါ်လော်ခူကြားရှိ တောင်ယာခင်းများကို ၂ဝ၁၁ခုနှစ်။နိုဝင်ဘာလ (၁၈)ရက်နေ့ မှ စ၍(၄)ရက် အပြီးရိတ်သိမ်းရန် ဖရူဆိုအာဏာပိုင်မှ အမိန့်ထုတ်ပြန်လိုက်ကြောင် KSWDC Field Worker သတင်းပေးပို့ချက် တရပ်သိရှိရသည်။
တောင်ယာခင်းမှ သီးနှံပင်များမှာ ယခုအချိန်ဖူးပွင့်ချိန်ကာလဖြစ်သဖြင့် အမြန်ဆုံးရိတ်သိမ်းရန် အာဏာပိုင်တို့မှ အမိန့်ထုတ် ပြန်လိုက်ခြင်းဖြစ်သည်။ နှင့်ပါတ်သက်၍ ပြည်တွင်းရောက် Field Worker မှ ယခုလိုရှင်းပြပါသည်။
“ခမရ (၄၂၈) တပ်ရင်းဗိုလ်ကြီးက လာရောက်အမိန့်ထုတ်တာဖြစ်ပါတယ် တောင်ယာခင်းသွားမယ်ဆိုရင် တောင်ယာသွားခွင့် လက်မှတ်ထုတ်ပေးမယ်လို့ပြောပါတယ်။ လက်မှတ်တစ်စောင်ကို ကျပ် ၁ဝဝဝ ပေးယူရမှာ ဖြစ်ပါတယ်။သို့သော် သားသမီးနှင့် ကျောင်းသှူ၊သားများအတွက်လုပ်ဆောင်ပေးမှုမရှိသဖြင့် မိဘကိုကူညီလိုသောကျောင်းသူ၊သား သား၊သမီးများကို အခက်အခဲကြုံတွေ့နေရတယ်။”
သို့ရာတွင် တောင်ယာသွားခွင့်လက်မှတ်ရှိပါသော်လည်း မယုံသင်ကာဖွယ်ရှိသူများကို ခေါ်ယူစစ်ဆေးခြင်း။ ဖမ်းဆီးခြင်းများ ပြုလုပ်လျှက်ပင်ရှိကြောင်းနှင့် ရွာအမည် လူပုဂ္ဂိုလ်အမည်မေးမြန်းခြင်းခံရသည်၊  ထို့နောက်လောဂျာကျေးရွာရှိ နွားကျောင်းသား (၅)ဦးကို  ၂ဝ၁၁ခုနှစ်။နိုဝင်ဘာလ(၁၅)ရက်နေ့မှ ယခုလက်ရှိအထိ ဖမ်းဆီးထားကြောင်း Field Worker မှ ဆက်လက် ရှင်းပြသွားပါသည်။
          ဤကဲ့သို့ လုပ်ဆောင်လာရခြင်းမှာ လူထုပိုင်မြေဧက ၂၇ဝဝဧကကို မေလ အတွင်းကသိမ်းဆည်းခဲ့ပြီး  ယခုအခါ တန်းမြင့်စစ်လေ့ကျင့်ရေးကျောင်းတည်ဆောက်နေခြင်းနှင့် ပတ်သက်၍ လုံခြုံရေးအကြောင်းပြကာ လုပ်ဆောင်လာခြင်းဖြစ်သည်။
          ဒေသတွင်း သတင်းများအရ စစ်လေ့ကျင့်ရေး မွန်းမံသင်တန်းတစ်ရပ်ကို လာမည့် (၄)လအချိန်အခါ ကာလ သို့မဟုတ် ၂ဝ၁၂ခုနှစ်အတွင်း ဖွင့်လှစ်မည်ဟု လေ့ကျင့်ရေး ကျောင်းအုပ်ဖြစ်သူ ခင်မောင်ချိုမှ ပြော သည်ဟု သိရှိရသည်။ မြေဧက ၂၇ဝဝ ဧက သိမ်းဆည်းမှုသည်မပြီးသေးကြောင်းနှင့် နောက်ထပ်တိုးချဲ၍ မြေယာသိမ်းဆည်းမှုဆက်လက်ပြုလုပ်လာအုံးမည်ဖြစ်ကြောင်း Field Worker မှ သတင်းပေးပို့ရရှိပါသည်။

No comments:

Post a Comment